အချို့နေရာများတွင် ဝင်ထွက် စောင့်ကြည့်မှတ်သား ပေးသည့် EMS စနစ် မဖြစ်မနေ ထိထိရောက်ရောက် အသုံးပြုရမည်

စီးပွားရေးလုပ်ငန်းများနှင့် အောက်ဖော်ပြပါ စာရင်းတွင် ပါရှိသည့် ဝန်ဆောင်မှုဆိုင်ရာလုပ်ငန်း အဆောက်အအုံ နေရာများတွင် ဝန်ထမ်းများနှင့် ပြင်ပဧည့်သည်များ​၏ အဝင်အထွက်မှတ်တမ်းတင်ပေးနိုင်သည့် EMS စနစ် အသုံးပြုသင့်ကြောင်း အကြံပြုအပ်ပါသည်

  • လုပ်ငန်းခွင် (ရုံးများ၊ စက်ရုံများ)
  • အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်များ
  • မူကြိုကျောင်းများ
  • ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းများ (ဆေးရုံများ၊ ဆေးခန်းများ)
  • ဒေသဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ (ဘိုးဘွားရိပ်သာများ)
  • ဆံသဆရာများ၊ ဆံပင်ညှပ်ဆိုင်များနှင့် အလှပြင်ဆိုင်များ
  • စျေးဝယ်ကုန်တိုက်များ
  • လူသွားလူလာ များသော အသားစိမ်း၊ ငါးစိမ်း ရောင်းချသည့် စျေးများ
  • ရှော့ပင်းမော်လ်များ
  • ဟိုတယ်များ၊ အသေးစားဟိုတယ် အင်းများနှင့် အပန်းဖြေ ရိပ်သာများ
  • ခရီးသွားအများစု နှစ်သက်သည့် ဆွဲဆောင်ဖွယ် နေရာများ
  • စားသောက်ဆိုင်များနှင့် ကဖေးများ
  • ဝန်ဆောင်မှုစင်တာများ 
  • သိုလှောင်လွှဲပြောင်းခြင်း နှင့် သယ်ယူ ပို့ဆောင်ရေးဝန်ဆောင်မှုများ ( ဂိုဒေါင်များ၊ ယာဉ်ရပ်နားစခန်းများနှင့် ဘတ်စ်ကား မှတ်တိုင်များ)

နောက်ထပ် လမ်းညွှန်ချက်များ

  • အလျဥ်းသင့်သလို လမ်းပေါ် ပြေးဆွဲ နေသော အဌားကား တက္ကစီ များအား ခြေရာခံဆက်သွယ်နိုင်သည်အထိ EMS စနစ်သည် အဆင့်ဆင့် အထောက်အကူ ပြုသည်
  • အချိန် ကြာမြင့်စွာ ဝန်ဆောင်မှု ပေးစရာမလိုသည့် လက်လီရောင်း ချသည့် ဆေးဆိုင်ခန်းများ၊ ကုန်မျိုးစုံ ဆိုင်များ နှင့် စားသောက်ကုန် အဓိက ရောင်းချသည့် ဆိုင်များ အနေဖြင့်လည်း စားသုံးသူများအတွက် EMS စနစ် အကောင်အထည်ဖော်ဆောင်ရွက် ပေးနိုင်ပါသည်
  • လက်လီရောင်းချသည့် စားသောက်ဆိုင် နှင့် အဖော်ယမကာဆိုင်များ အနေဖြင့် စားသုံးသူများအား ဆိုင်အတွင်း ဝင်ရောက် စားသောက်ခွင့်ပြုပါက EMS စနစ် မဖြစ်မနေအသုံးပြုရမည်ဖြစ်ပြီး အခြား စိတ်ချလုံခြုံရသော စီမံခန့်ခွဲမှု များဖြင့် ဝန်ဆောင်မှုပေးသင့်ကြောင်း အကြံပြုတိုက်တွန်းအပ်ပါသည်။ (ဥပမာ တစ်ဦးနှင့် တစ်ဦး စိတ်ချရသော အကွာအဝေးအနေအထားဖြင့် ရောင်းချခြင်း)

 ပိုမိုသော အစီအစဥ်များနှင့် ဝန်ဆောင်မှုများ ထပ်မံရရှိ သည်နှင့်အမျှ ဤစာရင်းတွင် စဉ်ဆက်မပြတ် အချိန်နှင့်တပြေးညီ ဖော်ပြပေးသွားမည် ဖြစ်သည်

my_MMဗမာစာ
en_USEnglish ms_MYBahasa Malaysia zh_CN简体中文 id_IDBahasa Indonesia ta_INதமிழ் my_MMဗမာစာ