EMS စနစ်ဘာကြောင့်အသုံးပြုသင့်တာလဲ?

COVID-19 ရောဂါပိုး​ြေခရာခံဆက်သွယ်ဖော်ထုတ်ရာတွင် EMS စနစ်၏ အရေးပါဝင်ပုံ

COVID-19 ရောဂါအတွက် ကာကွယ်ဆေး (သို့) ကုသမှု မပေါ်ပေါက်သေးသော်လည်း လူအများအပြားသို့ ရောဂါပိုးဆက်လက်ကူးစက်ပျံ့နှံ့မှုကို လျော့နည်းစေသည့် နည်းလမ်းအချို့ရှိပါသည် အတတ်နိုင်ဆုံး အိမ်မှာနေထိုင်ကြရေး အမိန့်ထုတ်ပြန်ချက် များနှင့် လူစုလူဝေးရှောင်ကြဥ်ရေး စသည့် ယာယီလမ်းညွှန်ချက်များ အောင်မြင်စွာချမှတ်နိုင်ခြင်းသည် နိုင်ငံအတွင်း COVID-19 ရောဂါပိုး ခြေရာခံဆက်သွယ်ရေး စနစ်အား လွယ်ကူလျင်မြန်လာစေပါသည် တတ်နိုင်သမျှ စောစီးလျင်မြင်စွာ ခြေရာခံဆက်သွယ် နိုင်ခြင်းသည် ရောဂါပိုးကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်ကာကွယ်ပေးပါသည် ထို့ကေ​ြာင့် အချိန်သည် အဓိကအကျဆုံးဖြစ်သည် ယခုအချိန်သည် မဖြစ်မနေလုပ်ဆောင်ရမည့် အချိန်ကာလ တစ်ခုဖြစ်ပါသည်

ခြေရာခံဆက်သွယ်ရှာဖွေဖော်ထုတ်ခြင်း

ဗိုင်းရပ်စ်ပိုးကူးစက်ပျံ့နှံ့မှုတားဆီးခြင်း

ရောဂါပိုးပျံ့နှံ့မှု လျော့ပါးစေခြင်း

လုံခြုံစိတ်ချရသည့် ဝန်းကျင်တစ်ခုဖန်တီးခြင်း

COVID-19 တိုက်ထုတ်ရာတွင် အလွန်အရေးပါခြင်း

ကျယ်ဝန်းသည့် လူ့အဖွဲ့အစည်းအတွင်း ခြေရာခံဆက်သွယ်ခြင်းသည် ရှုပ်ထွေးခြင်း၊ ထိရောက်မှု မရှိခြင်းနှင့် စီးပွားရေးလုပ်ငန်းများကို အနှောင့်အယှက် ဖြစ်စေခြင်းတို့ ကြုံတွေ့ရတက်ပါသည် သို့ရာတွင် EMS စနစ်အသုံးပြု၍ ရှုပ်ထွေးခြင်း၊ ထိရောက်မှု မရှိခြင်းနှင့် အနှောင့်အယှက်ဖြစ်စေခြင်းတို့ကို လျှော့ချနိုင်ပါသည် EMS သည် လက်ရှိအချိန်ကာလအတွင်း အဓိက အခြေခံ စမ်းသပ်ဖန်တီးထားသော ပြည်သူ့ကျန်းမာရေးမဟာဗျူဟာ ဖြစ်ပြီး စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် COVID-19 တိုက်ထုတ်ရာတွင် ပြည်သူလူထု လုံခြုံရေးအတွက် ယခုအချိန်မှစတင်၍ အသုံးပြုနိုင်ပြီဖြစ်သည်

EMS အသုံးပြုခြင်း၏ အကျိုးကျေးဇူးများ

မြန်ဆန်ခြင်း

အဆင့် နှစ်ဆင့်တည်းဖြင့် စီးပွားရေးလုပ်ငန်းရှင်များသည် သက်ဆိုင်ရာစီးပွားရေးလုပ်ငန်းအလိုက် EMS စနစ်တွင် မှတ်ပုံတင်စာရင်းသွင်းနိုင်သည် မှတ်ပုံတင်စာရင်းသွင်းပြီးနောက် သီးခြား QR ကုတ် တစ်ခု လက်ခံရရှိမည်ဖြစ်ပြီး စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် သက်ဆိုင်ရာ လုပ်ငန်းခွင်အဆောက်အအုံ ဝင်ပေါက်ဝတွင် ပြသထားရှိနိုင်သည် ဝန်ထမ်းများ၊ ပြင်ပဧည့်သည်များနှင့် ဝယ်ယူသူများသည် ဝင်ပေါက်ဝရှိ QR ကုတ်ကို စကန်ဖတ်ပြီးမှသာ အဆောက်အအုံအတွင်းသို့ ဝင်ရောက်နိုင်မည် အဆောက်အအုံအတွင်း ဝင်ရောက်မည့်သူအားလုံးသည် EMS စနစ်တွင် ဆက်သွယ်ရမည့် အသေးစိတ် အချက်အလက်များနှင့် ကိုယ်အပူချိန်တိုင်းတာချက်များ ဖြည့်သွင်းရမည် (စီးပွားရေးလုပ်ငန်းအားအနှောင့်အယှက်ဖြစ်စေသော) အဆောက်အအုံပြင်ပတွင် အချိန်ကြာကြာ တန်းစီစောင့်ဆိုင်းစရာမလိုအပ်ဘဲ တစ်ဦးချင်း တစ်မိနစ်အတွင်းစာရင်းသွင်းနိုင်သည့် လွယ်ကူရိုးရှင်းသော စနစ်တစ်ခုဖြစ်သည်

အချက်အလက်စီမံခန့်ခွဲရာတွင် လွယ်ကူရိုးရှင်းခြင်း

လုပ်ငန်းခွင်အဆောက်အအုံအတွင်း ဝင်ရောက်သည့် တစ်ဦးတစ်ယောက်ချင်းစီ၏ အချက်အလက်များကို မှတ်တမ်းတင်ပေးထားသည် ရှုပ်ထွေးသော အွန်လိုင်းအချက်အလက်ဖြည့်သွင်းခြင်း (သို့) ဖောင်ဖြည့်ရခြင်းမျိုး မဟုတ်ပါ အရေးအကြီးဆုံးအနေဖြင့် ရောဂါပိုးကူးစက်ရန် အလားအလာရှိသော လူရာပေါင်းများစွာ အဆင့်ဆင့် ကိုင်တွယ်အသုံးပြုရမည့် ဘောပင်နှင့် စာရွက်စာတမ်း လိုအပ်မှုကို ဖယ်ရှားပေးလိုက်နိုင်သည် EMS စနစ်အသုံးပြုခြင်းဖြင့် စီးပွားရေးလုပ်ငန်းများသည် ဖိုင်များသိမ်းဆည်းရခြင်း (သို့) စာရွက်စာတမ်း လိုက်လံရှာဖွေရခြင်းများ မရှိနိုင်တော့ပါ EMS စနစ်သည် အရာအားလုံးကို စီမံကိုင်တွယ် ဖြေရှင်းပေးမည် ဖြစ်သည်

ခြေရာခံဆက်သွယ်ရှာဖွေဖော်ထုတ်ရာတွင် လွယ်ကူခြင်း

လုပ်ငန်းခွင်အဆောက်အအုံအတွင်း ဝင်ရောက်သော လူအများတွင် COVID-19 ရောဂါပိုးအတည်ပြုလူနာ ပါဝင်ပါက ထိုသူနှင့်အနီးကပ်ထိတွေ့ထားသူများအား EMS စနစ်အသုံးပြု၍ အလွယ်တကူခြေရာခံဆက်သွယ် ရှာဖွေဖော်ထုတ်နိုင်ပါသည် EMS စနစ်အတွင်း ရရှိထားသော အချက်အလက်များအား ထုတ်ပြန်ပေးနိုင်သည့်အတွက် သက်ဆိုင်ရာကျန်းမာရေး အရာရှိများ ခြေရာခံဆက်သွယ်ရှာဖွေဖော်ထုတ်ရာတွင် လွယ်ကူလျင်မြန် စေပါသည် EMS စနစ်တွင် သတင်းအချက်အလက်များကို ရက်စွဲအလိုက်၊ အချိန်အပိုင်းအခြားအလိုက် သိမ်းဆည်း မှတ်တမ်းတင်နိုင်သည့်အတွက် ရောဂါပိုးကူးစက်ခံရမှု အလားအလာလျော့နည်းစေပါသည်

စီးပွားရေးလုပ်ငန်းများအတွက် စိတ်ချလုံခြုံမှုရှိစေခြင်း

တာဝန်ရှိ စီးပွားရေးလုပ်ငန်းရှင်အနေဖြင့် သက်ဆိုင်ရာ လုပ်ငန်းခွင်အဆောက်အအုံအတွင်း ဝင်ရောက်လာသော တစ်ဦးတစ်ယောက်ချင်းစီတိုင်း သေချာသောလုံခြုံမှုရရှိရန် အကောင်းဆုံးလုပ်ဆောင်ရမည်မှာ အရေးကြီးပါသည် EMS စနစ်ဖြင့် စီးပွားရေးလုပ်ငန်းရှင်များသည် ဝန်ထမ်းများ၊ ဝယ်ယူသူများနှင့် ပြင်ပဧည့်သည်များ၏ ဘေးကင်းလုံခြုံရေးအတွက်သာမက ပြည်သူလူထု တစ်ရပ်လုံး၏ လုံခြုံရေးကိုပါ ကာကွယ်ပေးနိုင်ပါသည်

EMS စနစ်ကြောင့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် သက်ဆိုင်ရာ လုပ်ငန်းခွင်အဆောက်အအုံ လုံခြုံစေရေး တန်ဖိုးကြီးရင်းနှီးမြှုပ်နှံမှု မပြုလုပ်ရသည့်အတွက် စိတ်သက်သာရာ ရရှိစေပါသည် လုပ်ငန်းခွင် အဆောက်အအုံအတွင်း ဝင်ရောက်လာသော တစ်ဦးချင်းစီ၏ အချက်အလက်များအား EMS စနစ်အတွင်း မှတ်တမ်းတင်ထားပေးခြင်းဖြင့် သက်ဆိုင်ရာကျန်းမာရေးအဖွဲ့အစည်းများ ခြေရာခံ ဆက်သွယ်ရှာဖွေဖော်ထုတ်ရာတွင် လွယ်ကူလျင်မြန် စေပါသည်

EMS စနစ် အသုံးပြုရမည့်အချိန်

စီးပွားရေးလုပ်ငန်းတစ်ခုချင်းစီသည် သက်ဆိုင်ရာ စီးပွားရေးလုပ်ငန်းအလိုက် EMS စနစ်အတွင်း ချက်ချင်းမှတ်ပုံတင်စာရင်းသွင်းနိုင်ပါသည် မှတ်ပုံတင်စာရင်းသွင်းပြီးနောက် စီးပွားရေးလုပ်ငန်း တစ်ခုချင်းစီအတွက် သီးခြား QR ကုတ်ပါဝင်သော အီးမေးလ်တစ်စောင် လက်ခံရရှိမည်ဖြစ်ပြီး သက်ဆိုင်ရာ လုပ်ငန်းခွင် အဆောက်အအုံဝင်ပေါက်ဝတွင် ပြသထားရှိရမည်ဖြစ်သည် အကယ်၍ လုပ်ငန်းခွင်အဆောက်အအုံတွင် ဝင်ပေါက် တစ်ခုထက်ပိုပါက သီးခြား QR ကုတ်အား ဝင်ပေါက်ဝ အားလုံးတွင် ပြသထားရှိနိုင်ပါသည်

စီးပွားရေးလုပ်ငန်းများအနေဖြင့် အကူအညီတစ်စုံတစ်ရာ လိုအပ်ခြင်း (သို့) လက်ရှိလုပ်ငန်းအမျိုးအစားနှင့် လိုက်လျောညီထွေဖြစ်အောင် ပြင်ဆင်ညှိနှိုင်းလိုပါက EMS အဖွဲ့သားများထံသို့ ဆက်သွယ်နိုင်ပြီး ကျွန်ုပ်တို့ဘက်မှ EMS စနစ်နှင့် အံဝင်ခွင်ကျဖြစ်စေရန် ကူညီပေးပါမည် တစ်ခုဖြစ်ပါသည် ပြင်ပဧည့်သည်များအတွက် အထူးသီးသန့် အမှာစကား ထည့်သွင်းခြင်း၊ စီးပွားရေးလုပ်ငန်း အမှတ်တံဆိပ် ထည့်သွင်းခြင်း စသည့် စိတ်ကြိုက်ပြုပြင်ခြင်းများလည်း ပြုလုပ်နိုင်ပါသည် ထို့ပြင် ဝယ်ယူအားပေးသူများ စိတ်ကြိုက် ဘောက်ချာ ထည့်သွင်းခြင်း၊ အထူးလျှော့စျေးများ (သို့) သတင်းအချက်အလက်များ ထည့်သွင်းရေးသားခြင်း တို့ကိုပါ စိတ်တိုင်းကျဆောင်ရွက်နိုင်ပါသည်

my_MMဗမာစာ
en_USEnglish ms_MYBahasa Malaysia zh_CN简体中文 id_IDBahasa Indonesia ta_INதமிழ் my_MMဗမာစာ